ဝတ်ပြု 11:24Common Language Bibleအောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။ အခန်းကိုကြည့်ပါ။ |
``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။