သင်တို့သည်ကျိုင်းကောင်၊ ပရစ်နှင့်နှံကောင်များ ကိုစားနိုင်သည်။-
နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
သို့ရာတွင်အတောင်ရှိ၍တွားသွားတတ်သော အခြားအကောင်ငယ်ရှိသမျှကို မသန့်ရှင်း ဟုမှတ်ယူရမည်။
ယောဟန်သည်ကုလားအုတ်မွေးအဝတ်ကြမ်းကို ဝတ်၍ သားရေခါးပန်းကြိုးကိုစည်းထား၏။ သူ ၏အစားအစာမှာကျိုင်းကောင်နှင့်ပျားရည်ဖြစ်၏။-
ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။-
ဘုရားသခင်အားယုံကြည်ကိုးစားမှုအား နည်းသူကိုလက်ခံကြလော့။ သို့ရာတွင်သူ ၏ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ သူနှင့်အငြင်းအခုံမပြုကြနှင့်။-
ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ပြော ဆိုစရာများစွာရှိ၏။ သို့ရာတွင်သင်တို့သည် ဉာဏ်လေးသူများဖြစ်သဖြင့် သင်တို့အား ရှင်းလင်းဖော်ပြရန်ခက်ပေသည်။-