ဝတ်ပြု 11:13Common Language Bibleအောက်ဖော်ပြပါငှက်မျိုးတို့ကိုသင်တို့ သည်မစားရ။ လင်းယုန်၊ ဇီးကွက်၊ သိမ်းငှက်၊ လင်းတ၊ ကျီး၊ ငှက်ကုလားအုတ်၊ ဇင်ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်ကြီးဝံပို၊ တင်ကျီး၊ တောင်သူ ဘီးငှက်နှင့်လင်းနို့တို့ဖြစ်သည်။ အခန်းကိုကြည့်ပါ။ |
``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-