Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 10:19

Common Language Bible

ထို​အ​ခါ​အာ​ရုန်​က​မော​ရှေ​အား``အ​ကယ်​၍ အ​ကျွန်ုပ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​၏ အ​သား​ကို ယ​နေ့​စား​ခဲ့​သော်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ပါ​မည်​လော။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​နေ့​ထာ​ဝ​ရ​ဘု​ရား အား​အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့် မီး​ရှို့​ရာ​ယဇ်​တို့ ကို​ပူ​ဇော်​ကြ​ပါ​ပြီ။ သို့​ဖြစ်​ပါ​လျက်​နှင့် အ​ကျွန်ုပ်​၌ ဤ​အ​ဖြစ်​ဆိုး​နှင့်​တွေ့​ကြုံ​ရ ပါ​သည်​တ​ကား'' ဟု​ဖြေ​ကြား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က`သင်​တို့​ဆက်​ကာ​ဆက်​ကာ​ပူ​ဇော်​လျက်​ရှိ​သည့်​ယဇ်​တို့​ကို​ငါ​အ​လို​ရှိ​တော်​မူ​သည်'' ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​သိုး​များ​နှင့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​တို့​၏​ဆီ​ဥ​များ​ကို​ငါ​ငြီး​ငွေ့​တော်​မူ​ပြီ။ သိုး​နွား​ဆိတ်​တို့​၏​သွေး​များ​ကို​လည်း​ငါ​မ​နှစ်​သက်​တော့​ပေ။-

``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။

ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-

ထို​နိုင်​ငံ​များ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ ယဇ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော်​နိုင် လိမ့်​မည်​မ​ဟုတ်။ သူ​တို့​စား​သော​အ​စား​အ​စာ သည်​အ​သု​ဘ​အိမ်​မှ​ကျွေး​သော​အ​စား​အ​စာ ကဲ့​သို့​စား​သူ​တိုင်း​အား​ညစ်​ညမ်း​စေ​မည်။ သူ တို့​သည်​အ​ဆာ​ပြေ​ရန်​ထို​အ​စား​အ​စာ​ကို စား​ရ​မည်။ ထို​အ​စား​အ​စာ​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​မ​ယူ​ဆောင်​သွား​ရ။-

မော​ရှေ​သည်​အာ​ရုန်​၏​အ​ဖြေ​ကို​ကြား​ရ လျှင်​ကျေ​နပ်​လေ​၏။

ထို​နောက်​သူ​သည်​မိ​မိ​အ​တွက် မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​လေ​သည်။ သူ​၏​သား​တို့​က​သူ ထံ​သို့​သွေး​အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ်​ပလ္လင်​လေး​ဘက်​အ​ပေါ်​သို့ သွေး​ကို​ပက်​ဖျန်း​လေ​သည်။-

ထို​အ​ခါ​အာ​ရုန်​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ မိ​မိ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​နွား ပျို​ကို​သတ်​လေ​သည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-

သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''

သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''

အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့် တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။

ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-

ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ