Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 10:15

Common Language Bible

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​အ​ဖြစ်​ယဇ်​ကောင်​အ​ဆီ​ကို​ပူ​ဇော် သော​အ​ခါ ရင်​ဒူး​နှင့်​ပေါင်​တို့​ကို​ယူ​ဆောင် ခဲ့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း ဤ​ယဇ်​ကောင်​ပိုင်း​များ​သည် သင်​နှင့် သင်​၏​သား​စဉ်​မြေး​ဆက်​အ​တွက်​ဝေ​စု ဖြစ်​ရ​မည်'' ဟု​ဆို​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-

ယောကျာ်း​တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ခံ ရ​မည်။ ထို​သို့​ပြု​လုပ်​ခြင်း​သည် သင်​နှင့်​ငါ​ပြု သော​ပ​ဋိ​ညာဉ်​ထာ​ဝ​စဉ်​တည်​ကြောင်း ကိုယ် ကာ​ယ​၌​ထင်​ရှား​သည့်​လက္ခ​ဏာ​အ​မှတ် အ​သား​ဖြစ်​လိမ့်​မည်။-

အာ​ဗြ​ဟံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ အောင်​ပျပ်​ဝပ်​နေ​စဉ်``အ​သက်​တစ်​ရာ​ရှိ​သူ​၌ က​လေး​ရ​နိုင်​ပါ​ဦး​မည်​လော။ အ​သက်​ကိုး ဆယ်​ရှိ​သူ​စာ​ရာ​၌​က​လေး​မွေး​နိုင်​ပါ​ဦး မည်​လော'' ဟု​တွေး​တော​မိ​သ​ဖြင့်​ရယ်​လေ သည်။-

ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-

ငါ​၏​လူ​မျိုး​တော်​သည်​မိတ်​သ​ဟာ​ယ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ၊ ယဇ်​ကောင်​၏​ရင်​ပုံ​သား နှင့်​ပေါင်​ကို​ယဇ်​ပု​ရော​ဟိတ်​အား​ဝေ​ပုံ​စု အ​ဖြစ်​ပေး​ရ​မည်​ဟူ​သော​ပ​ညတ်​ကို​အ​မြဲ စောင့်​ရှောက်​လော့။ ဤ​ကား၊ လူ​တို့​က​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၏။

ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။

ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ