ထို့နောက်အသားတစ်၊ ဦးခေါင်းနှင့်အဆီကို ထင်းပေါ်တွင်စီတင်ရမည်။-
နွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။-
ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊-
ထိုစားပွဲများတွင်အထူသုံးလက်မရှိသောအနားပတ်များတပ်ထား၏။ ယဇ်ပူဇော်ရန်အသားများကိုထိုစားပွဲများပေါ်တွင်တင်ထားရ၏။
သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
ထို့နောက်နွား၏ဝမ်းတွင်းသားများရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကိုထာ ဝရဘုရားအားပူဇော်ရမည်။-