Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:5

Common Language Bible

သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။

သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-

သင်​တို့​ကို​လက်​မ​ခံ​သည့်​အ​ရပ်​တွင်​မ​နေ​ကြ​နှင့်။ သင်​တို့​ဟော​ပြော​သွန်​သင်​သည်​ကို​နား​မ​ထောင် သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လော့။ ထွက်​ခွာ သွား​သည့်​အ​ခါ​တွင်​သူ​တို့​ကို​သ​တိ​ပေး​သည့် အ​နေ​ဖြင့် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။

ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။

``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။

မည်​သည့်​အိမ်​မ​ဆို​သင်​တို့​ကို​ဝင်​ခွင့်​ပြု​လျှင် မြို့​မှ​ထွက်​ခွာ​သည်​တိုင်​အောင်​ထို​အိမ်​မှာ​ပင် တည်း​ခို​ကြ​လော့။-

ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​၏​စိတ် သ​ဘော​ကို​မ​နှစ်​သက်​သည့်​အ​နေ​ဖြင့် မိ​မိ တို့​ခြေ​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့​ထွက်​သွား​ကြ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​အ​တိုက်​အ​ခံ ပြု​၍ ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​ပေါ​လု​သည် မိ​မိ​အ​ဝတ်​မှ​ဖုံ​များ​ကို​ခါ​ချ​၍ ``သင်​တို့ သေ​ကြေ​ပျက်​စီး​ကြ​လျှင်​သင်​တို့​၏​တာ​ဝန် ပင်​ဖြစ်​၏။ ငါ့​မှာ​တာ​ဝန်​မ​ရှိ​တော့​ပြီ။ ယ​ခု မှ​အ​စ​ပြု​၍​ငါ​သည်​လူ​မျိုး​ခြား​တို့​အား တ​ရား​ဟော​တော့​အံ့'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ