လုကာ 9:49Common Language Bibleယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |
ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။