Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:47

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ထို​သို့​ငြင်း​ခုံ​နေ​ကြ​သည် ကို​သိ​တော်​မူ​သ​ဖြင့် က​လေး​သူ​ငယ်​တစ်​ယောက် ကို​ခေါ်​၍​မိ​မိ​အ​နီး​တွင်​ရပ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​စစ်​ဆေး​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ စိတ်​နှ​လုံး​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​စစ်​ကြော​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ အ​ကြံ​အ​စည်​များ​ကို​သိ​မှတ်​တော်​မူ​ပါ။

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-

ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

ကိုယ်​တော်​သည်​လူ​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​အား​လူ့ အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ​ပြော​ရန်​မ​လို။

တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-

ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။

သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ