Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:41

Common Language Bible

သ​ခင်​ယေ​ရှု​က ``ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန် တတ်​သော​ခေတ်​လူ​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍​သည်း​ခံ​ရ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​ထို​သူ​အား ``သင်​၏​သား ကို​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။

သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-

``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။-

လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။-

ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-

သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

ဤ​အ​မှု​အ​ရာ​အ​ပေါင်း​တို့​အ​တွက်​ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်​ဟု အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​၏။''

ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-

သ​ခင်​ယေ​ရှု​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​တော် မူ​လျှင် အ​မျက်​ထွက်​တော်​မူ​၍ ``က​လေး​သူ​ငယ်​တို့ ကို​ငါ့​ထံ​သို့​လာ​ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို​သို့​သော သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။-

သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-

ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

အ​ကျွန်ုပ်​သည်​အ​ရှင်​၏​တ​ပည့်​များ​အား​ထို နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​ပါ​သော် လည်း​သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ'' ဟု လျှောက်​ထား​၏။

သူ​ငယ်​လာ​နေ​စဉ်​ပင်​နတ်​မိစ္ဆာ​သည်​သူ့​အား​မြေ ပေါ်​သို့​လှဲ​၍​တုန်​တက်​စေ​၏။ သ​ခင်​ယေ​ရှု​သည် နတ်​မိစ္ဆာ​အား​အ​မိန့်​ပေး​၍​သူ​ငယ်​ကို​ကျန်း​မာ စေ​တော်​မူ​ပြီး​နောက်​ဖ​ခင်​အား​ပြန်​လည်​ပေး အပ်​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-

ထို​နောက်​သော​မ​အား ``သင်​၏​လက်​ညှိုး​ဖြင့်​ဤ နေ​ရာ​ကို​တို့​ကြည့်​လော့။ ငါ​၏​လက်​များ​ကို ကြည့်​လော့။ သင့်​လက်​ကို​ဆန့်​၍​ငါ​၏​နံ​ဘေး ကို​စမ်း​သပ်​လော့။ ယုံ​မှား​သံ​သ​ယ​မ​ဖြစ်​နှင့်။ ယုံ​လော့'' ဟု​မိန့်​တော်​မူ​၏။

တော​ကန္တာ​ရ​တွင်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​အား​သည်း​ခံ​တော်​မူ​၏။-

ပေ​တ​ရု​သည်​ဤ​မျှ​သာ​မ​က​အ​ခြား​တ​ရား စ​ကား​များ​အား​ဖြင့်​လည်း​တိုက်​တွန်း​ဟော​ပြော ၏။ ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ဤ​ဆိုး​ယုတ် သော​လူ​တို့​ခံ​ကြ​ရ​မည့်​အ​ပြစ်​ဒဏ်​မှ​ကင်း လွတ်​စေ​ကြ​လော့'' ဟု​ထို​သူ​တို့​အား​တိုက် တွန်း​၏။-

သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။-

သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊ လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။

သို့​ဖြစ်​၍​သူ​တို့​သည်​မ​ယုံ​ကြည်​သော ကြောင့် ပြည်​တော်​သို့​မ​ဝင်​နိုင်​သည်​ကို​ငါ တို့​သိ​ကြ​၏။

သို့​ဖြစ်​၍​မ​ယုံ​ကြည်​သ​ဖြင့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​ကို​မ​ရ​ရှိ​သော​သူ​တို့​ကဲ့​သို့ မည်​သူ​မျှ မ​ဖြစ်​စေ​ဘဲ​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ နိုင်​ရန်​ငါ​တို့​သည်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​စို့။

ငါ​တို့​သည်​ရှေး​ခေတ်​လူ​တို့​နည်း​တူ​သ​တင်း ကောင်း​ကို​ကြား​ကြ​ရ​၏။ သို့​ရာ​တွင်​ထို​သူ တို့​ကြား​ရ​သည့်​သ​တင်း​ကောင်း​သည် သူ​တို့ အ​တွက်​အ​ကျိုး​မ​ရှိ​ချေ။ အ​ဘယ်​ကြောင့် ဆို​သော် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား ရ​သော်​လည်း ယုံ​ကြည်​ခြင်း​ဖြင့်​လက်​မ​ခံ ကြ​သော​ကြောင့်​ဖြစ်​၏။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ