Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:33

Common Language Bible

ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက် ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။

သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊ အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊-

ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ရှင့်​အ​တွက်​တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက် တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင်၊ တဲ​သုံး ဆောင်​ကို​အ​ကျွန်ုပ်​ဆောက်​လုပ်​ပါ​မည်'' ဟု​လျှောက် ထား​၏။

သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

ရှိ​မုန်​က ``သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​တစ်​ည​လုံး ကြိုး​စား​၍​ငါး​များ​ကို​ဖမ်း​ပါ​သော်​လည်း ငါး​တစ်​ကောင်​ကို​မျှ​မ​မိ​ကြ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ကွန်​များ​ကို အ​ကျွန်ုပ်​ချ​ပါ​မည်'' ဟု​လျှောက်​ထား​၏။-

ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။-

ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ လူ​တစ်​ယောက်​သည် အ​ရှင်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့ ကို​နှင်​ထုတ်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့​တွေ့​မြင် ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​ဘက်​သား မ​ဟုတ်။ ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​သည်​သူ့​အား အ​ရှင်​၏​နာ​မ​တော်​ကို​အ​သုံး​မ​ပြု​ရန် တား​မြစ်​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား​၏။

ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။

ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ