Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:23

Common Language Bible

ထို​နောက်​ကိုယ်​တော်​က​လူ​အ​ပေါင်း​တို့​အား ``ငါ့ တ​ပည့်​ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​နေ့​စဉ်​ထမ်း​၍​ငါ့ နောက်​သို့​လိုက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-)

ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​ဝတ်​၌​မွေ့​လျော်​လို​သူ​တိုင်း​နှိပ်​စက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ရှိ​ရာ​စ​ခန်း အ​ပြင်​သို့​သွား​၍ ကိုယ်​တော်​နှင့်​အ​တူ​ကဲ့​ရဲ့ ရှုတ်​ချ​ခြင်း​ကို​ခံ​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ