Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:2

Common Language Bible

ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊-

လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-

နိုင်​ငံ​တော်​ဆိုင်​ရာ​သ​တင်း​ကောင်း​အ​ကြောင်း​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ခံ​ဟော​ပြော​ပြီး​မှ​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​ရောက်​လိမ့်​မည်။

ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-

တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍​လူ​တို့ နောင်​တ​ရ​ကြ​စေ​ရန်​ဟော​ပြော​ကြ​၏။-

ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။-

`သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-'

ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။-

``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-

လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ