လူအပေါင်းတို့သည်အဝစားရကြ၏။ သူတို့ ၏စားကြွင်းစားကျန်များကိုကောက်သိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
သို့ဖြစ်၍အစေခံသည်ပရောဖက်တို့အား ထို အစားအစာကိုတည်ခင်းကျွေးမွေးရာထာဝရ ဘုရားဗျာဒိတ်တော်နှင့်အညီ ထိုသူတို့အား လုံးဝစွာစားရကြပြီးနောက်စားစရာ အချို့ပင်ကျန်ကြွင်းသေးသည်။
ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။
ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူတော်မူ၏။ ထိုနောက်ကောင်းကင်သို့မျှော်ကြည့် လျက်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ မုန့်နှင့်ငါးကိုဖဲ့တော်မူပြီးလျှင်လူတို့အား ဝေငှရန်အတွက်တပည့်တော်တို့အားပေးအပ် တော်မူ၏။-