Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 9:12

Common Language Bible

မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``ဤ လူ​ပ​ရိ​သတ်​ကို​ပတ်​ဝန်း​ကျင်​ကျေး​လက်​နှင့်​တော ရွာ​များ​သို့​သွား​၍ တည်း​ခို​ရန်​နေ​ရာ​နှင့်​အ​စား အ​စာ​ကို​ရှာ​စေ​တော်​မူ​ပါ။ ဤ​အ​ရပ်​သည်​လူ သူ​နှင့်​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​လုံ​ခြုံ​ရေး​ကို​စိတ်​ချ​ရ​စေ​ရန်​ငါ သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​မည်။ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​သား​ရဲ​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ပြည်​တွင်း​မှ​ဖယ်​ရှား​ပစ်​မည်။ သို့​မှ​သာ​လျှင်​ငါ​၏​သိုး​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​တော​ကန္တာ​ရ​များ​၌​နေ​ရ​ကြ ၍ တော​များ​တွင်​အိပ်​ရ​ကြ​လိမ့်​မည်။

ငါ​သည်​ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ ရ​အ​ရပ်​တွင်​သင်​တို့​ကို​စောင့်​ရှောက်​ခဲ့​၏။-

ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။-

သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။

လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။

ကိုယ်​တော်​က ``သင်​တို့​ပင်​ထို​သူ​တို့​အား​စား စ​ရာ​ကို​ကျွေး​မွေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဤ​လူ​ထု အ​တွက်​အ​စား​အ​စာ​များ​ကို​သွား​၍​ဝယ်​ရ ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ထံ​မှာ​မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​၏'' ဟု​ပြန်​လည် လျှောက်​ထား​ကြ​၏။-

ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ