Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 8:6

Common Language Bible

အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။

သူ​တို့​အား​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း ဖြစ်​စေ​၍ စိတ်​သစ်​နှ​လုံး​သစ်​ကို​ငါ​ပေး​မည်။ ငါ​သည်​သူ​တို့​၏​ခိုင်​မာ​သော​ကျောက်​နှ​လုံး ကို​ယူ​ပစ်​၍ နာ​ခံ​တတ်​သော​နှ​လုံး​ကို​ပေး မည်။-

ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။-

မြင်း​ဟူ​သည်​ကျောက်​ဆောင်​ပေါ်​၌​ပြေး​လေ့ ရှိ​သ​လော။ လူ​သည်​နွား​ဖြင့်​လယ်​ပြင်​ကို​ထွန် ယက်​လေ့​ရှိ​သ​လော။ သို့​ပါ​လျက်​သင်​တို့ သည်​တ​ရား​မျှ​တ​ရေး​ကို​အ​ဆိပ်​အ​ဖြစ် သို့​လည်း​ကောင်း၊ အ​မှန်​ကို​အ​မှား​အ​ဖြစ် သို့​လည်း​ကောင်း​မှောက်​လှန်​ခဲ့​လေ​ပြီ။

ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-

``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။-

အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။-

ကျမ်း​စာ​တော်​က၊ ``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင် ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​ဖော်​ပြ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ