Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 8:47

Common Language Bible

အ​မျိုး​သ​မီး​သည်​မိ​မိ​ပြု​သည့်​အ​မှု​ပေါ်​သွား ကြောင်း​သိ​ရှိ​သော​အ​ခါ တုန်​လှုပ်​လျက်​ရှေ့​တော် သို့​လာ​၍​ပျပ်​ဝပ်​၏။ ထို​နောက်​ကိုယ်​တော်​အား အ​ဘယ်​ကြောင့်​တို့​ထိ​ရ​သည့်​အ​ကြောင်း​ကို လည်း​ကောင်း၊ ချက်​ချင်း​ပင်​မိ​မိ​၏​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​လည်း​ကောင်း​လူ အ​ပေါင်း​တို့​၏​ရှေ့​တွင်​လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ကြ​လော့။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​ကို သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ညည်း​ညူ​သံ​ကို​ကြား​တော်​မူ​ပါ​၏။

ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။

ငါ​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း တော်​မူ​ခဲ့​၍ ဤ​အ​ရာ​များ​ပေါ်​ပေါက်​လာ ရ​သည်​မ​ဟုတ်​လော။ စိတ်​နှ​လုံး​နှိမ့်​ချ​၍ နောင်​တ​ရ​သူ​များ​နှင့်​ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​ကာ ငါ​၏​စ​ကား​ကို​နား​ထောင်​သူ များ​ကို​ငါ​နှစ်​သက်​၏။

ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-

ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​ကြောင်း​ကို​သိ​သ​ဖြင့် သူ​တို့​၏​ဒု​စ​ရိုက် ကို​ဖုံး​ကွယ်​၍​မ​ရ​နိုင်၊ သူ​တို့​သည်​ငါ့​အား သစ္စာ​ဖောက်​သ​ဖြင့် ငါ​နှင့်​မ​ထိုက်​တန်​တော့ ပြီ'' ဟု​မိန့်​တော်​မူ​၏။

အ​မျိုး​သ​မီး​တို့​သည်​ကြောက်​လန့်​သော်​လည်း အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​သင်္ချိုင်း​ဂူ​မှ​အ​လျင် အ​မြန်​ထွက်​ခွာ​၍ တ​ပည့်​တော်​တို့​အား​ထို​သ​တင်း ကို​ပြော​ကြား​ရန်​ပြေး​ကြ​၏။

အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။

သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​က ``လူ​တစ်​စုံ​တစ်​ယောက် သည်​အ​မှန်​ပင်​ငါ့​ကို​တို့​ထိ​လေ​ပြီ။ ငါ​၏​ကိုယ်​မှ တန်​ခိုး​ထွက်​သွား​သည်​ကို​ငါ​သိ​၏'' ဟု​မိန့်​တော် မူ​၏။-

ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း သည်​သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ သွား​ပေ​တော့'' ဟု​မိန့်​တော်​မူ​၏။

ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။-

သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊-

သူ​၏​စ​ကား​ကို​သင်​တို့​လိုက်​နာ​ရန်​အ​သင့် ရှိ​ကြ​သည်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​တုန် လှုပ်​လျက်​သူ့​အား​ကြို​ဆို​လက်​ခံ​ကြ​သည် ကို​လည်း​ကောင်း​သူ​သည်​သ​တိ​ရ​သ​ဖြင့် သင်​တို့​အား​ပို​၍​ပင်​ချစ်​ခင်​မြတ်​နိုး​လာ ပေ​သည်။-

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။

ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-

ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ