လုကာ 8:32Common Language Bibleထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-