လုကာ 8:30Common Language Bibleသခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။ ``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။