လုကာ 8:24Common Language Bibleသူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။- အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
ကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။
သို့ဖြစ်၍တပည့်တော်တို့သည်ထိုအကြောင်း ကိုကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော် သည်ထိုအမျိုးသမီးကြီး၏အနားတွင်ရပ် လျက် ``အဖျားပျောက်စေ'' ဟုအမိန့်ပေးတော် မူ၏။ အမျိုးသမီးကြီးသည်အဖျားပျောက် သဖြင့် ချက်ချင်းထ၍ကိုယ်တော်နှင့်တပည့် တော်တို့အားဧည့်သည်ဝတ်ကိုပြုလေ၏။