Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 8:22

Common Language Bible

တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည်​မိ​မိ​ပတ်​လည်​ရှိ​လူ​ပ​ရိ​သတ် ကို​တွေ့​မြင်​တော်​မူ​လျှင် အိုင်​တစ်​ဖက်​သို့​ထွက်​ခွာ ရန်​တ​ပည့်​တော်​တို့​အား​အ​မိန့်​ပေး​တော်​မူ​၏။-

သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊-

ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။-

ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ကြွ​တော်​မူ​၍ လှေ​ပေါ်​သို့​တစ်​ဖန်​တက်​တော်​မူ​ပြီး​လျှင်​အိုင် တစ်​ဖက်​သို့​ကူး​တော်​မူ​၏။

တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။-

သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။-

ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။

ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-

ကျွန်ုပ်​တို့​သည်​အာ​ရှ​နယ်​ကမ်း​ခြေ​တစ်​လျှောက် ရှိ​သော သင်္ဘော​ဆိပ်​မြို့​များ​သို့​သွား​မည့်​ဆဲ​ဆဲ ဖြစ်​သော​သင်္ဘော​တစ်​စင်း​ပေါ်​သို့​တက်​၍​ရွက် လွှင့်​ကြ​၏။ ထို​သင်္ဘော​သည်​အာ​ဒြ​မုတ္တိ​မြို့​မှ လာ​သော​သင်္ဘော​ဖြစ်​၏။ မာ​ကေ​ဒေါ​နိ​ပြည် သက်​သာ​လော​နိတ်​မြို့​သား​အာ​ရိတ္တ​ခု​သည် လည်း​ကျွန်ုပ်​တို့​နှင့်​အ​တူ​ပါ​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ