လုကာ 8:18Common Language Bible``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-