လုကာ 7:8Common Language Bibleအကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူနှင့်ပတ်သက်၍ဘုရင်ဧကရာဇ်မင်း အား တိတိကျကျသံတော်ဦးတင်စရာ အကြောင်းတစ်ခုမျှကျွန်ုပ်မှာမရှိပါ။ ထို့ ကြောင့်ထိုသူအားသင်တို့၏ရှေ့သို့ခေါ် ဆောင်လာခြင်းဖြစ်ပါ၏။ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့တော်သို့ခေါ်ဆောင် လာပါ၏။ ဤသို့ခေါ်ဆောင်လာခြင်းမှာ သူ့အားမင်းကြီးစစ်ဆေးမေးမြန်းပြီး သောအခါ ကျွန်ုပ်အစီရင်ခံစာရေးရန် အကြောင်းတစ်စုံတစ်ရာရရှိနိုင်မည် ပင်ဖြစ်ပါသည်။-
ကျွန်ဖြစ်သူတို့၊ သင်တို့ကိုပိုင်သောသခင်များ ၏စကားကိုအရာရာတွင်နားထောင်ကြလော့။ သင်တို့သည်မျက်နှာရရန်သူတို့၏ရှေ့မှောက် ၌သာလျှင်သူတို့၏စကားကိုနားထောင်သည် မဟုတ်၊ သခင်ဘုရားကိုကြောက်ရွံ့ရိုသေ သောအားဖြင့် သူတို့၏စကားကိုရိုးဖြောင့် သောစိတ်နှင့်နားထောင်ကြလော့။-