Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 7:46

Common Language Bible

သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ကြမ်း​ပြင်​ပေါ်​မှ​ထ​၍ ရေ​ချိုး ခေါင်း​ဖီး​ပြီး​လျှင်​အ​ဝတ်​အ​စား​များ​ကို လဲ​၏။ ထို​နောက်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော် သို့​သွား​၍​ဝတ်​ပြု​ကိုး​ကွယ်​၏။ နန်း​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ​မင်း ကြီး​သည် စား​သောက်​ဖွယ်​တို့​ကို​တောင်း​၍ ချက်​ချင်း​ပင်​စား​တော်​ခေါ်​လေ​သည်။-

ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-

မိ​မိ​အား​စိတ်​ကို​ပျော်​ရွှင်​စေ​ရန် စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ လန်း​ဆန်း​စေ​ရန်​သံ​လွင်​ဆီ​ကို​လည်း​ကောင်း၊ ခွန်​အား​ဖြစ်​စေ​ရန်​အ​စား​အ​စာ​ကို​လည်း​ကောင်း ရ​ရှိ​နိုင်​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။

သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။

မွန်​မြတ်​သော​အ​စာ​သို့​မ​ဟုတ်​အ​သား​ကို မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်၊ ခေါင်း​မ​ဖြီး ဘဲ​သီ​တင်း​သုံး​ပတ်​ကုန်​ဆုံး​ချိန်​တိုင်​အောင် နေ​၏။

စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။-

သင်​တို့​သည်​ကောက်​ပဲ​သီး​နှံ​ကို​စိုက်​ပျိုး​သော် လည်း အ​သီး​အ​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ သင်​တို့ သည်​သံ​လွင်​ဆီ​ကြိတ်​သော်​လည်း​ဆီ​ကို​မ သုံး​ရ။ စ​ပျစ်​သီး​ကို​နယ်​သော်​လည်း​စ​ပျစ် ရည်​ကို​မ​သောက်​ရ။-

သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။-

ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​သင်​သည်​ကိုယ်​လက်​သုတ်​သင်​ပြီး လျှင် နံ့​သာ​အ​မွှေး​အ​ကြိုင်​များ​လူး​၍​အ​လှ ဆုံး​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​ကာ​သူ စ​ပါး​နယ်​ရာ​သို့​သွား​ပါ​လော့။ သို့​ရာ​တွင် ထို​အ​ရပ်​သို့​သင်​ရောက်​ရှိ​နေ​ကြောင်း​ကို သူ စား​သောက်​ပြီး​သည်​တိုင်​အောင်​သူ့​အား အ​သိ​မ​ပေး​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ