ရှိမုန်က ``ငွေပို၍လျှော်ပစ်ခြင်းခံရသူသည် ပို၍မေတ္တာရှိမည်ထင်ပါသည်'' ဟုလျှောက်၏။ ကိုယ်တော်က ``သင့်ယူဆချက်သည်မှန်ပေ၏'' ဟုမိန့်တော်မူ၏။
မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''
ထိုသူသည်ဤသို့အသိပညာနှင့်လျှောက်ထား သည့်အတွက် သခင်ယေရှုက ``သင်သည်ဘုရား သခင်၏နိုင်ငံတော်နှင့်မဝေးတော့ပြီ'' ဟု မိန့်တော်မူ၏။ ထိုနောက်မည်သူမျှကိုယ်တော်အားထပ်မံ၍ မမေးမလျှောက်ဝံ့ကြ။
သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
သူတို့သည်အကြွေးမဆပ်နိုင်သဖြင့်ကြွေးရှင် သည် ထိုသူနှစ်ဦးလုံး၏အကြွေးအားလုံးကို လျှော်ပစ်လိုက်၏။ ထိုသူနှစ်ဦးအနက်အဘယ် သူသည် ကြွေးရှင်ကိုပို၍မေတ္တာရှိလိမ့်မည် နည်း'' ဟုမေးတော်မူ၏။
ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။