ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားမိမိ နှင့်အတူညစာသုံးဆောင်တော်မူရန်ပင့်ဖိတ် ၏။ ကိုယ်တော်သည်ဖာရိရှဲ၏အိမ်သို့ဝင်၍စား ပွဲတွင်ထိုင်တော်မူ၏။-
ထိုသို့ကိုယ်တော်မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားည စာသုံးဆောင်တော်မူရန်ပင့်ဖိတ်၏။-
ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။-
လူသားသည်စားလျက်သောက်လျက်လာသော အခါသင်တို့က `ကြည့်လော့၊' ဤသူသည်စား ကြူးသူဖြစ်သည်။ အခွန်ခံသူများနှင့်အခြား အပယ်ခံသူများနှင့်မိတ်ဖွဲ့သူဖြစ်သည်' ဟု ဆိုကြ၏။-
သို့ရာတွင်ဘုရားသခင်၏ရွှေဉာဏ်တော်ကို လက်ခံသူအပေါင်းတို့က ထိုရွှေဉာဏ်တော် သည်မှန်ကန်ကြောင်းကိုပြသကြ၏'' ဟု မိန့်တော်မူ၏။
ထိုမြို့တွင်အပြစ်ကူးသူအမျိုးသမီးတစ် ယောက်ရှိ၏။ သူသည်ဖာရိရှဲ၏အိမ်တွင်ကိုယ်တော် ညစာသုံးဆောင်တော်မူကြောင်းကိုသိသောအခါ ဆီမွှေးကျောက်ဖြူဘူးတစ်လုံးကိုယူဆောင်ပြီး လျှင် ကိုယ်တော်၏နောက်၌ခြေတော်ရင်းတွင် ရပ်လျက်ငိုယိုကာနေ၏။-