ကိုယ်တော်က ``ဤခေတ်လူတို့ကိုအဘယ်သို့ပုံ ဥပမာခိုင်းနှိုင်းရမည်နည်း။ သူတို့သည်အဘယ် သူများနှင့်တူကြသနည်း။-
အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
`ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။-
တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော် ကိုမည်သို့ဥပမာနှိုင်းရအံ့နည်း။ မည်သည့်ပုံ ဥပမာများအားဖြင့်ဖော်ပြရမည်နည်း။-
သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
သူတို့ကားစျေးရပ်ကွက်တွင်ထိုင်လျက် `ငါတို့ သာယာစွာတီးမှုတ်သော်လည်းသင်တို့သည် မကမခုန်။ ငါတို့ငိုချင်းကိုဆိုသော်လည်း သင်တို့သည်မငိုမကြွေး' ဟုအချင်းချင်း အော်ဟစ်ပြောဆိုသောကလေးသူငယ်များ နှင့်တူ၏။-