Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 7:27

Common Language Bible

ကျမ်း​စာ​တော်​တွင် `နား​ထောင်​လော့၊ သင်​၏​လမ်း ကို​အ​သင့်​ဖြစ်​စေ​ရန် ငါ​၏​စေ​တ​မန်​ကို​သင့် အ​လျင်​စေ​လွှတ်​မည်' ဟု​ဖော်​ပြ​ထား​၏။ ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မိ​မိ​၏​တ​မန်​တော်​ကို​စေ​လွှတ်​၍ ငါ့ အ​ဖို့​လမ်း​ခ​ရီး​ကို​ပြင်​ဆင်​စေ​မည်။ ထို နောက်​သင်​တို့​စောင့်​မျှော်​နေ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ဗိ​မာန်​တော်​သို့​ကြွ​လာ တော်​မူ​လိမ့်​မည်။ သင်​တို့​စောင့်​မျှော်​နေ​သော တ​မန်​တော်​သည်​လာ​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော် ကို​ဖော်​ပြ​ကြေ​ညာ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊ `နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။- ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။-

ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်၊ ``ဘု​ရား​သ​ခင်​က နား​ထောင်​ကြ​လော့။ ငါ​သည်​သင်​၏​လမ်း​ကို​အ​ဆင်​သင့်​ဖြစ်​စေ​ရန် ငါ​၏​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်။

အ​ချင်း​သူ​ငယ်၊သင်​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏ ပ​ရော​ဖက်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။ သင်​သည်​ဘု​ရား​ရှင်​အ​တွက်​လမ်း​ကို​အ​သင့် ပြင်​ဆင်​ရ​လိမ့်​မည့်​ရှေ့​တော်​ပြေး​ဖြစ်​ပြီး​လျှင်၊

ထို​သို့​မ​ဟုတ်​ပါ​မူ​ပ​ရော​ဖက်​ကို​ကြည့်​ရှု​ရန် လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ကြီး​မြတ်​သူ ကို​ကြည့်​ရှု​ရန်​ဖြစ်​၏။-

အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယော​ဟန်​က ``ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဖော်​ပြ​ခဲ့​သည်​အ​တိုင်း၊ `ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​လမ်း​ခ​ရီး​တော်​ကို ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့' ဟု တော​ကန္တာ​ရ​၌​ကြွေး​ကြော်​နေ​သော​အသံ​ဖြစ်​၏'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ