Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 6:39

Common Language Bible

ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``မျက်​မ​မြင်​သည်​အ​ခြား​မျက်​မ​မြင် ကို​လမ်း​ပြ​နိုင်​သ​လော။ ထို​သူ​နှစ်​ဦး​လုံး​ပင် တွင်း​ထဲ​သို့​လိမ့်​ကျ​မည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-

သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​၏​လူ​မျိုး​တော်​သည်​ငါ​စက်​ဆုတ်​သည့် အ​မှု​အ​ရာ​တို့​ကို​ပြု​ကျင့်​သည့်​အ​တွက်​ရှက် ကြောက်​ကြ​သ​လော။ သင်​တို့​အ​လျှင်း​မ​ရှက် မ​ကြောက်​ကြ။ သင်​တို့​သည်​ရှက်​သွေး​ပင်​မ​သန်း တတ်​ကြ။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ခြား​သူ များ​နည်း​တူ​ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ် ဒဏ်​ခတ်​သော​အ​ခါ​သင်​တို့​နာ​လန်​ထူ​နိုင် ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

ကိုယ်​တော်​သည်​ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင်​၍ များ​စွာ​သော​အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင် တော်​မူ​၏။ ကိုယ်​တော်​က ``မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​၏။-

သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။-

မိ​မိ​သည်​မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင် တွင်​ရှိ​သူ​တို့​၏​အ​လင်း၊ လူ​မိုက်​တို့​၏​နည်း​ပြ၊ မ​သိ​နား​မ​လည်​သူ​တို့​၏​ဆ​ရာ​ဖြစ်​သည်​ဟု အ​မှန်​ပင်​သင်​ယုံ​ကြည်​၏။ ပ​ညတ်​တ​ရား​သည် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​အ​စုံ​အ​လင် ကိန်း​အောင်း​ရာ​ဖြစ်​သည်​ကို​လည်း​သေ​ချာ စွာ​သိ​၏။-

ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ