လုကာ 5:5Common Language Bibleရှိမုန်က ``သခင်၊ အကျွန်ုပ်တို့သည်တစ်ညလုံး ကြိုးစား၍ငါးများကိုဖမ်းပါသော်လည်း ငါးတစ်ကောင်ကိုမျှမမိကြပါ။ သို့ရာတွင် ကိုယ်တော်၏အမိန့်တော်အရကွန်များကို အကျွန်ုပ်ချပါမည်'' ဟုလျှောက်ထား၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါ့ကိုအဘယ်သူတို့ထိ သနည်း'' ဟုမေးမြန်းတော်မူ၏။ လူအပေါင်း တို့ကမိမိတို့မတို့မထိရကြကြောင်းငြင်း ဆိုကြသောအခါပေတရုနှင့်အပေါင်းအဖော် များက ``အရှင်၊ လူပရိသတ်တို့သည်အရှင့်ကို တိုးဝှေ့နေကြပါ၏။ သို့ပါလျက်ငါ့ကိုအဘယ် သူတို့ထိသနည်းဟုအရှင်မိန့်တော်မူပါ သလော'' ဟုမေးလျှောက်ကြ၏။
ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
ယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။