ထိုအခါသခင်ယေရှုက ``ကျန်းမာသူသည် ဆရာဝန်ကိုမလို။ ဖျားနာသူသာလျှင်လို၏။-
ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။
ယင်းသို့မေးမြန်းသည်ကို သခင်ယေရှုကြားတော် မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကိုမလို။ ဖျား နာသူသာလျှင်လို၏။ ငါသည်ဂုဏ်အသရေရှိ သူများကိုခေါ်ရန်ကြွလာသည်မဟုတ်။ အပြစ် ကူးသူများကိုခေါ်ရန်ကြွလာသတည်း'' ဟု ထိုသူတို့အားမိန့်တော်မူ၏။
ငါသည်ဂုဏ်အသရေရှိသူများနောင်တရ စေခြင်းငှာခေါ်ဖိတ်ရန်လာသည်မဟုတ်။ အပယ် ခံသူများကိုနောင်တရစေခြင်းငှာခေါ်ဖိတ် ရန်လာသတည်း'' ဟုမိန့်တော်မူ၏။