Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 5:22

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-

ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။

သူ​တို့​၏​အ​ပြု​အ​မူ​အ​ကျင့်​အ​ကြံ​များ​ကို ငါ​သိ​၏။ ငါ​သည်​နိုင်​ငံ​တ​ကာ​မှ​လူ​တို့​ကို စု​သိမ်း​ရန်​ကြွ​လာ​တော်​မူ​မည်။ ထို​သူ​တို့​သည် စု​ဝေး​မိ​သော​အ​ခါ​ငါ​၏​ဘုန်း​တန်​ခိုး​တော် မည်​မျှ​တတ်​စွမ်း​တော်​မူ​ကြောင်း​ကို​မြင်​ရ လိမ့်​မည်။ မိ​မိ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​သူ မှာ​ငါ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါသည်​အ​ချို့​သော​သူ များ​ကို​ချမ်း​သာ​ပေး​မည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-

ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-

ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။-

ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ တော်​မူ​လျှင် ``သင်​တို့​သည်​စား​စ​ရာ​မ​ပါ​သည့် အ​ဖြစ်​ကို​အ​ဘယ်​ကြောင့်​ပြော​ဆို​နေ​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​မ​သိ​နား​မ​လည်​သေး​သ​လော။ သင်​တို့​၏​အ​သိ​ဉာဏ်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ထိုင်း​မှိုင်း​နေ​သ​နည်း။-

ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။-

ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။

`သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ်`နေ​ရာ​မှ​ထ ၍​လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ သ​လော။-

ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။-

ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-

သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ