Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 5:20

Common Language Bible

ကိုယ်​တော်​သည်​ထို​သူ​တို့​၌​ယုံ​ကြည်​ခြင်း​ရှိ​ပုံ ကို​မြင်​တော်​မူ​လျှင်​လေ​ဖြတ်​သူ​အား ``အ​ချင်း လူ၊ သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။

ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။

ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

`သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ​ထ​၍ လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။-

သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင် တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား၊ သင်​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-

ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​လူ​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​အား​လူ့ အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ​ပြော​ရန်​မ​လို။

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-

သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-

သင်​တို့​သည်​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​ဖြေ လွှတ်​သော​အ​ခါ ငါ​သည်​လည်း​တစ်​ခု​ခု​ကို​ဖြေ လွှတ်​ရန်​လို​ပါ​လျှင် သင်​တို့​၏​မျက်​နှာ​ကို ထောက်​၍​ခ​ရစ်​တော်​၏​ရှေ့​မှောက်​တော်​၌​ထို သူ​၏​အြုပစ်​ကို​ဖြေ​လွှတ်​၏။-

သင်​တို့​သည်​အ​ချင်း​ချင်း​အ​ပေါ်​တွင်​အ​ပြစ် တင်​စ​ရာ​ရှိ​ပါ​လျှင် သည်း​ခံ​လျက်​အ​ပြစ်​ဖြေ လွှတ်​ကြ​လော့။ သ​ခင်​ဘု​ရား​သည်​သင်​တို့ အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင် တို့​သည်​လည်း​အ​ချင်း​ချင်း​အား​အ​ပြစ်​ဖြေ လွှတ်​ရ​ကြ​မည်။-

သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​က``လူ​တစ်​ဦး မှာ​ယုံ​ကြည်​ခြင်း​ရှိ​၍​အ​ခြား​တစ်​ဦး​မှာ အ​ကျင့်​ရှိ​သည်'' ဟု​စော​ဒ​က​တက်​လျှင်``အ​ကျင့် နှင့်​ကင်း​သည့်​ယုံ​ကြည်​ခြင်း​ကို​ငါ့​အား​ပြ​လော့။ ငါ​မူ​ကား​အ​ကျင့်​အား​ဖြင့်​ငါ​၏​ယုံ​ကြည် ခြင်း​ကို​ပြ​မည်'' ဟု​ငါ​ဆို​ပေ​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ