Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 5:16

Common Language Bible

သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။-

ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​တော် မူ​ပြီး​လျှင် ဆု​တောင်း​ပတ္တနာ​ပြု​ရန်​တောင်​ပေါ်​သို့ တက်​တော်​မူ​၏။-

လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊-

ထို​နောက်​ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တစ်​ည​လုံး​ဘု​ရား သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။-

ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။-

ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။-

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ