Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 5:13

Common Language Bible

ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍​ထို​သူ့​ကို တို့​ထိ​တော်​မူ​၏။ ထို​နောက် ``ငါ​အ​လို​ရှိ​၏။ သန့် စင်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​ထို​သူ သည်​ရော​ဂါ​ပျောက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က``အ​လင်း​ရောင်​ပေါ်​စေ'' ဟု အ​မိန့်​တော်​ချ​မှတ်​သော​အ​ခါ အ​လင်း​ရောင် ထွက်​ပေါ်​လာ​၏။-

တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။-

ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-

သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-

ကိုယ်​တော်​မြွက်​ဆို​တော်​မူ​သော​အ​ခါ ကမ္ဘာ​လော​က​သည်​ဖြစ်​ပေါ်​လာ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ​ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ပေါ်​ပေါက်​လာ​ကြ​၏။

သင်​တို့​အား​ညစ်​ညမ်း​မှု​ရှိ​သ​မျှ​နှင့်​ကင်း စင်​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​ကြုံ​ရ​ကြ​စေ ရန်​ဆန်​ရေ​စ​ပါး​ပေါ​များ​စေ​မည်။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။

သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-

သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။

တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​မြို့​ကြီး​တစ်​မြို့​တွင် ရှိ​နေ​တော်​မူ​၏။ ထို​မြို့​တွင်​တစ်​ကိုယ်​လုံး​အ​ရေ ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ယောက်​ရှိ​၏။ သူ သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​ပျပ်​ဝပ်​လျက် ``အ​ရှင် အ​လို​တော်​ရှိ​လျှင်​အ​ကျွန်ုပ်​ကို​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​၏။

``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ