လုကာ 5:1Common Language Bibleတစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါ့ကိုအဘယ်သူတို့ထိ သနည်း'' ဟုမေးမြန်းတော်မူ၏။ လူအပေါင်း တို့ကမိမိတို့မတို့မထိရကြကြောင်းငြင်း ဆိုကြသောအခါပေတရုနှင့်အပေါင်းအဖော် များက ``အရှင်၊ လူပရိသတ်တို့သည်အရှင့်ကို တိုးဝှေ့နေကြပါ၏။ သို့ပါလျက်ငါ့ကိုအဘယ် သူတို့ထိသနည်းဟုအရှင်မိန့်တော်မူပါ သလော'' ဟုမေးလျှောက်ကြ၏။