Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 4:41

Common Language Bible

နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။

ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။-

ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။

သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``ဆိတ်​ဆိတ်​နေ​လော့။ ထွက်​ခဲ့ လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-

နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။-

ကိုယ်​တော်​သည်​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​၏။ များ​စွာ သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​နတ်​တို့​သည် ကိုယ်​တော်​မည်​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၏။ သို့​ဖြစ် သော​ကြောင့်​ကိုယ်​တော်​သည် သူ​တို့​အား​စ​ကား ပြော​ခွင့်​ပေး​တော်​မ​မူ။

ညစ်​ညမ်း​သော​နတ်​များ​သည်​ကိုယ်​တော်​ကို မြင်​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​၍ ``အ​ရှင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်'' ဟု​ဟစ်​အော်​ကြ​၏။

သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။

သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သခင်​၏ သား​တော်​မေ​ရှိ​ယ​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ယင်း သို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​အ​သက်​ကို​ရ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဤ​ကျမ်း​ကို​ရေး​သား​ပြု​စု သ​တည်း။

ဘု​ရား​တစ်​ဆူ​တည်း​သာ​ရှိ​သည်​ကို​ယုံ​ကြည် ၏။ ကောင်း​ပေ​၏။ နတ်​မိစ္ဆာ​များ​ပင်​လျှင်​ထို​သို့ ယုံ​ကြည်​၍​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ