Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 4:39

Common Language Bible

သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​များ​အ​တွက်​ငါ​သည်​ကိုယ်​တော်​အား အ​ဘယ်​အ​ရာ​ကို​ပူ​ဇော်​ရ​ပါ​မည်​နည်း။

ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။

သ​ခင်​ယေ​ရှု​က ``တိတ်​တိတ်​နေ​လော့။ သူ့​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​သည်​ထို သူ​ကို​လူ​အ​များ​ရှေ့​မှာ​လှဲ​ချ​လိုက်​၏။ ထို​နောက် ဘေး​အန္တ​ရာယ်​မ​ပြု​ဘဲ​သူ့​အ​ထဲ​မှ​ထွက်​သွား​၏။

နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။

သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ