လုကာ 4:34Common Language Bibleညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။ အခန်းကိုကြည့်ပါ။ |
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-