Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 4:2

Common Language Bible

ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။-

``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။

ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။

မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။

ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။-

နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-

ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။-

ထို​အ​ခါ​မာရ်​နတ်​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ပါ​လျှင်​ဤ​ကျောက်​ခဲ​ကို​မုန့် ဖြစ်​စေ​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

ထို​အ​ရပ်​တွင်​ယာကုပ်​၏​ရေ​တွင်း​ရှိ​၏။ သ​ခင် ယေ​ရှု​သည်​ခ​ရီး​ပန်း​တော်​မူ​သ​ဖြင့်​ရေ​တွင်း အ​နီး​တွင်​ထိုင်​တော်​မူ​၏။ ထို​အ​ချိန်​ကား​မွန်း တည့်​အ​ချိန်​ခန့်​ဖြစ်​သ​တည်း။

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-

``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-

ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-

ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​တိုင်​ဆင်း​ရဲ​ဒုက္ခ​နှင့် စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ခဲ့​ရ​သ​ဖြင့် စုံ စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သူ​တို့​အား​ကူ​ညီ မ​စ​ခြင်း​ငှာ​တတ်​နိုင်​တော်​မူ​သည်။

ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ငါ​တို့​၏ အား​နည်း​ချက်​များ​အ​တွက်​မ​ကြင်​နာ​နိုင်​သူ မ​ဟုတ်။ ငါ​တို့​နည်း​တူ​စုံ​စမ်း​သွေး​ဆောင်​ခြင်း အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ရ​သူ​ဖြစ်​တော်​မူ​၏။ သို့ ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​တော်​မူ​၏။-

ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ