လုကာ 3:6Common Language Bibleလူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟု တောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။-