လုကာ 3:34Common Language Bibleယုဒကားယာကုပ်၏သား၊ ယာကုပ်ကားဣဇာက်၏ သား၊ ဣဇာက်ကားအာဗြဟံ၏သား၊ အာဗြဟံ ကားတေရ၏သား၊ တေရကားနာခေါ်၏သား ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ထို့အပြင်ဘုရားသခင်သည်မိမိပြုတော် မူခဲ့သောပဋိညာဉ်တော်၏အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာ ကိုအာဗြဟံအားအပ်ပေးတော်မူ၏။ သို့ဖြစ်၍ အာဗြဟံသည်သားဣဇာက်ကိုရပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ သူ့အားအရေဖျား လှီးမင်္ဂလာကိုပေးလေ၏။ ထိုနည်းတူဣဇာက် သည်သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ် သည်သားတစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရေဖျားလှီးမင်္ဂလာကိုပေး၏။ ယာကုပ် ၏သားများကားလူမျိုး၏အဖတစ်ဆယ့် နှစ်ပါးတည်း။
ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။-