Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 3:32

Common Language Bible

ဒါ​ဝိဒ်​ကား​ယေ​ရှဲ​၏​သား၊ ယေ​ရှဲ​ကား​သြ​ဗက်​၏​သား၊ သြ​ဗက်​ကား​ဗော​ဇ​၏​သား၊ ဗောဇ​ကား​စာ​လ​မုန်​၏ သား၊ စာ​လ​မုန်​ကား​နာ​ရှုန်​၏​သား​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-

ဤ​တွင်​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​ဆု​တောင်း​ပတ္ထနာ များ​ပြီး​ဆုံး​၏။

အ​ရှေ့​ဘက်​မျက်​နှာ​တွင် ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ၇၄၆၀၀ ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ၅၄၄၀၀ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ၅၇၄၀၀ စု​စု​ပေါင်း ၁၈၆၄၀၀ ယု​ဒ​တပ်​သည်​ရှေ့​ဆုံး​မှ​ချီ​တက်​ရ​မည်။

သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။ ရက် အ​နွယ် ခေါင်း​ဆောင် ပ​ထ​မ​ရက် ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဒု​တိ​ယ​ရက် ဣသ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ တ​တိ​ယ​ရက် ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ စ​တုတ္ထ​ရက် ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ပဉ္စ​မ​ရက် ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေလုမျေလ ဆ​ဋ္ဌ​မ​ရက် ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် သတ္တမ​ရက် ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ အ​ဋ္ဌ​မ​ရက် မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ န​ဝ​မ​ရက် ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒ​သ​မ​ရက် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ဧ​က​ဒ​သ​မ​ရက် အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဒွါ​ဒ​သ​မ​ရက် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ သူ​တို့​တစ်​ဦး​စီ​ဆက်​သ​သော​ပူ​ဇော်​သကာ များ​သည် ထပ်​တူ​ထပ်​မျှ​ဖြစ်​၏။ ယင်း​တို့​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​အောင်​စ​ငါး ဆယ်​အ​လေး​ချိန်​ရှိ ငွေ​ဖ​လား​တစ်​လုံး​နှင့် အောင်​စ​သုံး​ဆယ်​အ​လေး​ချိန်​ရှိ​ငွေ​အင်​တုံ တစ်​လုံး (ယင်း​ငွေ​ခွက်​နှစ်​ခု​စလုံး​တွင် ဘော​ဇဉ် သကာ​အ​တွက်​ဆီ​နှင့်​ရော​သော​မုန့်​ညက်​အ​ပြည့် ပါ​ရှိ​သည်။) နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော အ​လေး​ချိန်​လေး​အောင်​စ​ရှိ​ရွှေ​လင်​ပန်း တစ်​ချပ်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​ပေါက် တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား သိုး​က​လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ဆိတ်​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ် အ​တွက်​နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​ငါး ကောင်၊ ဆိတ်​ငါး​ကောင်​နှင့်​တစ်​နှစ်​သား​သိုး က​လေး​ငါး​ကောင်​စ​သည်​တို့​ဖြစ်​သည်။

အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။

ဧ​လျာ​ကိမ်​သည်​မေ​လေ​၏​သား၊ မေ​လေ​သည်​မဲ​နန်​၏ သား၊ မဲ​နန်​သည်​မတ္တ​သ​၏​သား၊ မတ္တ​သ​သည်​နာ​သန်​၏ သား၊ နာ​သန်​သည်​ဒါ​ဝိဒ်​၏​သား​ဖြစ်​၏။-

နာ​ရှုန်​သည်​အ​မိ​န​ဒပ်​၏​သား၊ အ​မိ​န​ဒပ်​သည် အဒ်​မိန်​၏​သား၊ အဒ်​မိန်​သည်​အာ​ရံ​နိ​၏​သား၊ အာ​ရံ​နိ​သည်​ဟေ​ဇ​ရုံ​၏​သား၊ ဟေ​ဇ​ရုံ​သည် ဖာ​ရက်​၏​သား၊ ဖာ​ရက်​သည်​ယု​ဒ​၏​သား​ဖြစ်​၏။-

ရှော​လု​က``အ​ချင်း​လူ​ငယ်၊ သင်​ကား​အ​ဘယ် သူ​၏​သား​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ၊ ဗက်​လင်​မြို့​သား​ယေ​ရှဲ​၏​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ