မာအတ်ကားမတ္တသိ၏သား၊ မတ္တသိကားရှေမိ၏ သား၊ ရှေမိကားယောသပ်၏သား၊ ယောသပ်ကား ယုဒ၏သား၊ ယုဒကားယောဟန္န၏သားဖြစ်၏။-
ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-
ယောဟန္နသည်ရေသ၏သား၊ ရေသသည်ဇေရုဗ ဗေလ၏သား၊ ဇေရုဗဗေလသည်ရှာလသေလ ၏သား၊ ရှာလသေလသည်နေရိ၏သား၊ နေရိသည် မေလခိ၏သား၊ မေလခိသည်အဒ္ဒိ၏သားဖြစ်၏။-
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-