လုကာ 3:14Common Language Bibleစစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-