Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 24:36

Common Language Bible

ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-

ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။-

ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-

သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-

``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။-

သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။

ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။-

ကိုယ်​တော်​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​ရက်​လေး​ဆယ်​အ​တွင်း​တ​မန်​တော်​တို့ အား​အ​ကြိမ်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ​၍ မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း ခိုင်​လုံ​သော​အ​ထောက်​အ​ထား​များ​ကို​ပေး တော်​မူ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော် ကို​တွေ့​မြင်​ရ​ကြ​၏။ ကိုယ်​တော်​သည်​လည်း သူ​တို့​အား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။-

ထို​နောက်​ကိုယ်​တော်​အား​ယာ​ကုပ်​ဖူး​မြင်​ရ​၏။ ထို နောက်​တ​မန်​တော်​အ​ပေါင်း​တို့​ဖူး​မြင်​ကြ​ရ​၏။

ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ