သူတို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်တွင်တစ်ကျိပ်တစ်ပါးနှင့် အခြားတပည့်တော်များသည်စုရုံးလျက်နေ ကြသည်ကိုတွေ့ကြ၏။-
သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။
သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။