Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



လုကာ 24:30

Common Language Bible

စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။-

မုန့်​ခု​နစ်​လုံး​နှင့်​ငါး​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့် နှင့်​ငါး​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ် တို့​အား​တစ်​ဆင့်​ပေး​ဝေ​ကြ​၏။-

ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။

ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။-

ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​မြေ​ပေါ်​တွင် ထိုင်​စေ​တော်​မူ​ပြီး​လျှင်​မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​များ​ကို​ဖဲ့​တော်​မူ​၍​လူ​တို့ အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌​ငါး​အ​နည်း​ငယ် လည်း​ရှိ​၏။-

ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။-

ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။

ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို ယူ​တော်​မူ​၏။ ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ မုန့်​နှင့်​ငါး​ကို​ဖဲ့​တော်​မူ​ပြီး​လျှင်​လူ​တို့​အား ဝေ​ငှ​ရန်​အ​တွက်​တ​ပည့်​တော်​တို့​အား​ပေး​အပ် တော်​မူ​၏။-

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။-

ထို​သူ​တို့​သည်​တ​မန်​တော်​တို့​၏​ဆုံး​မ​သြ​ဝါ​ဒ ကို​ခံ​ယူ​ခြင်း၊ စု​ပေါင်း​နေ​ထိုင်​စား​သောက်​ခြင်း၊ ပွဲ တော်​မင်္ဂ​လာ​ဝင်​ခြင်း၊ အ​တူ​တ​ကွ​ဆု​တောင်း​ပတ္ထ​နာ ပြု​ခြင်း​တို့​ဖြင့်​အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​၏။

သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-

ထို​နောက်​ပေါ​လု​သည်​မုန့်​ကို​ယူ​ပြီး​လျှင် ထို သူ​အား​လုံး​တို့​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို ဖဲ့​၍​စား​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ