ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။-
အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။ သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
ထိုသူက``ငါ့ကိုလွှတ်ပါ။ မိုးလင်းလုပြီ'' ဟုဆိုလေ၏။ ယာကုပ်က``အကျွန်ုပ်ကိုကောင်းချီးပေးမှလွှတ် မည်'' ဟုပြော၏။
ယောသပ်သည်သူ၏အစ်ကိုတို့ကိုမြင်၍မှတ် မိသော်လည်း အစ်ကိုတို့ကိုမသိဟန်ဆောင် လျက်``သင်တို့အဘယ်အရပ်မှလာကြသနည်း'' ဟုခက်ထန်စွာမေးလေ၏။ သူတို့က``ကျွန်တော်တို့သည်ရိက္ခာဝယ်ရန် ခါနာန်ပြည်မှလာပါသည်'' ဟုဖြေကြ၏။
လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။-
သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။-