ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။-
သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။-
သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။
ဤအကြောင်းအရာများကိုငါပြောကြား သဖြင့် သင်တို့သည်စိတ်ညှိုးငယ်လျက်ရှိ ကြ၏။-